အလှူငွေဖြတ်ပိုင်းစာအုပ်လေးတွေရလာပါပြီ။
လာမဲ့ စနေ့နေတွင် အလှူငွေဖြတ်ပိုင်းစာအုပ်များကို ပေးဝေ၍ အလှူငွေ စတင်ကောက်ခံတော့ပါမည် ။
အလှူငွေဖြတ်ပိုင်းစာအုပ်များကို လာရောက်ထုတ်ယူပေးကြပါ ။
လူကြီးများ စကားများနေကြသည် .... :P။
လူငယ်အင်အားစု အများအပြားလိုအပ်လာပါပြီ။
ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေလဲ များပြားလာပါပြီ။
တာဝန်တွေအသီးသီးပြန်လည်ခွဲဝေပေးပြီး အင်တိုက်အားတိုက် လုပ်ရတော့မဲ့ အချိန်ရောက်လာပါပြီ။
ဒါကြောင့်မို့ ဒီတစ်ပတ်အစည်းအဝေးကို မဖြစ်မနေ(မဖြစ်မနေ) တက်ရောက်ဖို့ နှိုးဆော်ချင်ပါတယ်။
လက်ကမ်းကြော်ငြာများ နှင့် ဗွီနှိုင်း ၊ ပိုစတာများ စိုက်ထူရန် လူငယ်များလာရောက်ပေးစေချင်ပါတယ်။
လူငယ်တွေရဲ့ အကြံကို များများ ရယူချင်ပါတယ်။
အဝေးရောက်ညီအစ်ကိုမောင်နှစ်မများထဲမှ
တစ်ယောက်ယောက်တာဝန်ယူကောက်ခံပေးစေချင်ပါတယ်။ ပြန်ကြားရေးအဖွဲ Email (သို့)
အဆင်ပြေရာတစ်ယောက်ယောက် (သို့) Facebook မှ တစ်ဆင့်ဆက်သွယ်တောင်းယူစေချင်ပါတယ်။
လှူငွေဖြတ်ပိုင်းစာအုပ်ကိုပါ တင်ပေးလိုက်ပါတယ် ...
အရေးကြီးသောစကားကို ထပ်၍ ပြောပါမည် ... ဒီတစ်ပတ်အစည်းအဝေးကို မဖြစ်မနေ(မဖြစ်မနေ) တက်ရောက်ပေးကြပါ ....
No comments:
Post a Comment