ပန်းပျိုးလက်ပိုင်ရှင်
ပမာသွင်ဥယျာဉ်မှူး။
ဝါသနာအရင်းခံလို့
မခြွင်းချန် ပန်းစုံပွင့်ရမယ်
မော်ဝင့်စိတ်ကူး။
ပန်းပျိုးလက်ပိုင်ရှင်
ပမာသွင် ဥယျာဉ်မှူး။
စေတနာမှန်စွာနှင့်
ခြွေသဒ္ဓါလျှံဖြာ ပန်းဂုဏ်တင့်ဖို့ကွယ်
မျှော်လင့်ရည်စူး။
ပန်းပျိုးလက်ပိုင်ရှင်
ပမာသွင် ဥယျာဉ်မှူး။
အနစ်နာခံကာ
ချစ်စရာဟန် ပန်းဂုဏ်မြင့်စေရွယ်လို့
မျှော်လင့်ကြည်နူး။ ။
မယု(ပညာရေး)
(၈-၁၀-၂၀၁၂)ထုတ်မြ၀တီသတင်းစာမှ -
No comments:
Post a Comment