အာစရိယပူဇော်ပွဲအတွက်အစည်းဝေးလုပ်မယ်ကြားလို့နီးစပ်ရာသူငယ်ချင်းတွေစုပြီး။ အလုပ်တွေကိုယ်စီနဲ့မအားလပ်တဲ့ကြားကသူငယ်ချင်းတွေစုပီးလာခဲ့ပါတယ်။တို့တွေဘယ်လိုများကူညီလုပ်ကိုင်ပေးရမလဲဆိုတဲ့တာဝန်သိစိတ်ကိုယ်စီနဲ့ပါ။ ပျော်လည်းပျော်မိပါတယ်။အစည်းအဝေးကတစ်နာရီဆိုပေမဲ့မြန်မာထုံးစံအတိုင်းတစ်နာရီခွဲကျော်မှစဖြစ်ပါတယ်။ ပထမဆုံးဆရာမဒေါ်နွဲ့နွဲ့အေးမှ အမှာစကားပြောပါတယ်။ပြီးနောက်ကော်မတီအသီးသီးမှာပါတဲ့လူနာမည်တွေကိုဖတ်ကြားပါတယ်။ ပြီးနောက်ပြန်လည်ထွက်ခွာသွားပါတယ်။ဖတ်ကြားသွားတဲ့အထဲမှာအစည်းအဝေးကိုတက်ရောက်ခြင်းမရှိတဲ့၊ ဘယ်ရောက်နေမှန်းမသိတဲ့သူတွေတော်တော်ပါနေတာကိုတွေ့ရပါတယ်။အဲဒီလူတွေကိုတာဝန်ပေးမယ်ဆိုဘာဖြစ်လို့အခြားသူတွေကိုခေါ်နေသေးလည်း။ ဒီရွေးချယ်တဲ့အလုပ်တွေကိုဆ၇ာမသဘောနဲ့လုပ်လို့မရပါဘူး။ ဘောင်ကျော်နေတယ်ထင်ပါတယ်။ ကျောင်းသားတွေကသူတို့ဘာသာသူတို့အများသဘောနဲ့ရွေးချယ်၇မဲ့ဟာတွေပါ။ဒီနေ့ကော်မတီဖွဲ့ထားတာတွေကြည့်လိုက်တော့လည်းတစ်ချို့ကော်မတီတွေမှာစီနီယာအငယ်တွေကအထက်ရောက်နေပြီး။အကြီးတွေကအောက်မှာရောက်နေပါတယ်။ ကြည့်ရတာသူကတော့ဘာကြီးမိုလို့။ ညာကြီးမိုလို့အထက်မှာထားတယ်ထင်တာပဲ။ဘယ်ကျောင်းမှာမှမရှိပါဘူး။ အငယ်ကခိုင်းတာကိုအကြီးတွေကလိုက်လုပ်ရမဲ့ပုံစံတွေပါပဲ။အဲဒီနေ့ကအစည်းဝေးကိုလာတယ်ဆိုကထည်းကစိတ်ဝင်စားလို့လာကြတာပါ။ လုပ်လိုက်တဲ့ပုံစံကအများစုကိုစိတ်ဆိုး၊၀မ်းနည်း၊ဒေါသထွက်စေပါတယ်။အဲဒီလိုအလုပ်ကောင်းလို့တစ်ချို့ကျောင်းတွေမှာလုပ်ကူကိုင်ကူမဲ့သူနည်းပြီး စတိတ်ကျောင်းကကလေးတွေကိုအကူအညီတောင်းရတဲ့အဖြစ်မျိုးတွေကိုနမူနာယူကြည့်ပါ။တစ်ကယ်မလုပ်နိုင်တဲ့နာမည်ခံတွေအများကြီးပါနေတာကိုတွေ့ရပါတယ်။ ဒီကိစ္စဟာဂုဏ်တုဂုဏ်ပြိုင်လုပ်ရမဲ့နေရာမဟုတ်ပါဘူး။ထည့်ချင်ရင်လည်းနောက်မှထပ်ပေါင်းထည့်လို့ရပါတယ်။ ဘယ်သူဘာလုပ်နိုင်တယ်ဆိုတာကျောင်းသားအချင်းချင်းပဲသိပါတယ်။ဆရာမအရေးမဟုတ်ပါဘူး။ ဒီလိုလုပ်လိုက်တော့နောက်ဘယ်သူကထပ်လာမှာလည်း၊အလှူငွေထည့်ပေးလိုက်ရုံပေါ့။ ခေတ်လည်းပြောင်းနေပါပြီ။အကျင့်တွေလည်းပြင်သင့်ပါပြီ။ ရင်ဖွင့်လိုက်ရလို့တော်တော်လေးပေါ့သွားပါပြီ။ နောက်လည်းအားမနာတမ်းရေးအုံးမှာပါ။
အားလုံး မင်္ဂလာပါရှင့်။ ဒီ ဆရာကန်တော့ပွဲလေးကို အားလုံးက စိတ်ဝင်တစားနဲ့ ဂရုစိုက်ပေးနေကြလို့ အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်ရှ င်။
အခုလာမည့် တနင်္ဂနွေနေ့ အစည်းအဝေးလေး ကို အားလုံး တက်ရောက်ပေးပါလို့
ဖိတ်ပါတယ်ရှင်။ မိမိ စဉ်းစားထားသော အတွေးများရှိရင်
လည်းဝင်ရောက်ဆွေးနွေးပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ အားလုံးသည်
တစ်ကျောင်းတည်း ထွက် မောင်နှမသားချင်းတွေပါ။ အားလုံးရဲ့ ရည်ရွယ်ချက်သည်
အာစရိယပူဇော်ပွဲလေး စည်စည်ကားကားနဲ့ ဖြစ်ပေါ်လာဖို့ပါ။ အဝေးကနေ လူစုပေးနေတဲ့
အစ်ကိုတွေ အစ်မတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီကနေ
အဖွဲ့လေးတွေစုတော့ (7-10-2012)ရက်နေ့မှာ အစည်းအဝေးတက်ရောက် သူ
အယောက်(100)ကျော်ပါတယ်။ ကျွန်မတို့ အတိုင်းထက် မသိ ပျော်ရပါတယ်။ ကျွန်မတို့
နေ့နေ့ညည အလုပ်ပျက်ခံ၊ ထမင်းမေ့ဟင်းမေ့ လူတွေ လိုက်စုခဲ့ရတာပါ။ လမ်းမှာ
တွေ့သမျှ ကိုယ်မြင်ဖူးသယောင်ရှိရင် အစ်မ၊ အစ်ကိုက အ.ထ.က(5)ကလား
လိုက်မေးရတာ။ တစ်ခါ တစ်လေ ကျောင်းကလူ မဟုတ်ဘူး။ ရှက်တော့ ရှက်တာပေါ့
မသိတဲ့သူတွေကို လိုက်မေးနေရတာ။ ကိုးတန်းတုန်းက စိတ်ကောက်ပြီး မခေါ်တော့တဲ့
သူငယ်ချင်းကိုတောင် အခု 8နှစ်ကျော်မှ ကိုယ်က စခေါ်ရတဲ့ အဖြစ်မျိုးတွေ။
အားလုံးလည်း ဒီလိုမျိုး ကိုယ်တွေ့ ရာရာ လူတွေကို လိုက်စုနေကြတယ်ဆိုတာ
ကျေးဇူးတင်လွန်း လို့ ဘယ်လို ပြောရမှန်းကို မသိဘူး။ လာမည့် 14-10-2012
ရက်နေ့ လေးမှာ အားလုံး အစည်းအဝေး တက်ပေးကြပါ။ ကျောင်းအတွက်
ကိုယ်စဉ်းစားထားပေးတာကို အစည်းအဝေးမှာ ပြောပေးနိုပ်ပါတယ်လို့
ပန်ကြားအပ်ပါတယ်ရှင်။ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
Blog Admin အနေနဲ့ ရန်တိုက်ပေးခြင်းမဟုတ်ပါ ။ အလုပ်တစ်ခုကို အတူတူလုပ်ကြရင်း မတူညီကြတဲ့ အမြင်ကို ဖော်ပြလိုခြင်းဖြစ်ပါတယ်။
(၁၄-၁၀-၂၀၁၂)ရက် ၊ တနင်္ဂနွေ့နေ့ အပတ်စဉ်အစည်းအဝေးသို့ တက်ရောက်ပေးပါရန် အားလုံးကိုဖိတ်ကြားအပ်ပါသည်။

အားလုံးလည်း ဒီလိုမျိုး ကိုယ်တွေ့ ရာရာ လူတွေကို လိုက်စုနေကြတယ်ဆိုတာ ကျေးဇူးတင်လွန်း လို့ ဘယ်လို ပြောရမှန်းကို မသိဘူး။ လာမည့် 14-10-2012 ရက်နေ့ လေးမှာ အားလုံး အစည်းအဝေး တက်ပေးကြပါ။ ကျောင်းအတွက် ကိုယ်စဉ်းစားထားပေးတာကို အစည်းအဝေးမှာ ပြောပေးနိုပ်ပါတယ်လို့ ပန်ကြားအပ်ပါတယ်ရှင်။ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
No comments:
Post a Comment