Family Room
Try Relay: the free SMS and picture text app for iPhone.
Saturday, November 17, 2012
အထက(၅)ကျောင်းသား/သူများ၏ ပထမအကြိမ် အာစရိယပူဇော်ကန်တော့ပွဲ ကြေငြာဆိုင်းဘုတ်တင်အခမ်းအနား
တောင်ကြီးမြို့ ၊ အထက(၅)ကျောင်းသား/သူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ကန်တော့ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြေငြာဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို (၁၆-၁၁-၂၀၁၂)ရက် ၊ သောကြာနေ့ ၊ နံနက်(၁၀)နာရီအချိန်တွင် အထက(၅)ကျောင်းမျက်နှာစာ ၊ မြို့ပတ်လမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နာယကဆရာ/ဆရာမကြီးများ ၊ ကျောင်းသား/ကျောင်းသူဟောင်းများ (၁၀၀)ကျော် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွဲ့ရီ ၊ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးစိုင်းခမ်းနွတ် နှင့် ဦးစိုင်းဇော်ဇော်တို့မှ  ဖဲကြိုးဖြတ်၍ ကြေငြာဆိုင်းဘုတ်တင်အခမ်းအနားကို   အောင်မြင်စွကျင်းပခဲ့ပါသည်။
ကြေငြာဆိုင်းဘုတ်တင်အခမ်းအနားအား နံနက်(၁၀း၁၅)အချိန်တွင် မိုးပျံပူဖောင်းများ လွှတ်တင်ပြီး   အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။
အာစရိယပူဇော်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဦးသန်းနိုင်(နမ့်ခုံးမီဒီယာ) ၀၈၁-၂၁၄၉၁ ၊ ၀၉-၄၉၆၃၀-၃၉၁ သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။
post by -  မဖြိုးဖြိုးသက် (၂၀၀၅)
Monday, November 5, 2012
အလှူငွေဖြတ်ပိုင်းစာအုပ်လေးတွေရပြီ
မျက်ခုံးမလှုပ်ပါနဲ့ ....။
အလှူငွေဖြတ်ပိုင်းစာအုပ်လေးတွေရလာပါပြီ။
လာမဲ့ စနေ့နေတွင် အလှူငွေဖြတ်ပိုင်းစာအုပ်များကို ပေးဝေ၍ အလှူငွေ စတင်ကောက်ခံတော့ပါမည် ။
အလှူငွေဖြတ်ပိုင်းစာအုပ်များကို လာရောက်ထုတ်ယူပေးကြပါ ။
 လူကြီးများ စကားများနေကြသည် .... :P။
လူငယ်အင်အားစု အများအပြားလိုအပ်လာပါပြီ။
 ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေလဲ များပြားလာပါပြီ။
တာဝန်တွေအသီးသီးပြန်လည်ခွဲဝေပေးပြီး အင်တိုက်အားတိုက် လုပ်ရတော့မဲ့ အချိန်ရောက်လာပါပြီ။
ဒါကြောင့်မို့ ဒီတစ်ပတ်အစည်းအဝေးကို မဖြစ်မနေ(မဖြစ်မနေ) တက်ရောက်ဖို့ နှိုးဆော်ချင်ပါတယ်။
လက်ကမ်းကြော်ငြာများ နှင့် ဗွီနှိုင်း ၊ ပိုစတာများ စိုက်ထူရန် လူငယ်များလာရောက်ပေးစေချင်ပါတယ်။
လူငယ်တွေရဲ့ အကြံကို များများ ရယူချင်ပါတယ်။
အဝေးရောက်ညီအစ်ကိုမောင်နှစ်မများထဲမှ
တစ်ယောက်ယောက်တာဝန်ယူကောက်ခံပေးစေချင်ပါတယ်။ ပြန်ကြားရေးအဖွဲ Email (သို့)
အဆင်ပြေရာတစ်ယောက်ယောက် (သို့) Facebook မှ တစ်ဆင့်ဆက်သွယ်တောင်းယူစေချင်ပါတယ်။
လှူငွေဖြတ်ပိုင်းစာအုပ်ကိုပါ တင်ပေးလိုက်ပါတယ် ...
အရေးကြီးသောစကားကို ထပ်၍ ပြောပါမည် ...  ဒီတစ်ပတ်အစည်းအဝေးကို မဖြစ်မနေ(မဖြစ်မနေ) တက်ရောက်ပေးကြပါ ....
Saturday, November 3, 2012
မိသားစုစကားဝိုင်းလေး
နီးနီးဝေးဝေး ညီအစ်ကိုမောင်နှစ်မတွေအားလုံး တစ်စုတစ်ဝေးတည်းစကားတွေပြောနိုင်ဖို့ရည်ရွယ်ပြီး partychat လေးကိုပြုလုပ်ထားခြင်း ဖြစ်ပါတယ် ...။ ကိုယ့်ရဲ့ Gtalk မှာ behs5(tgi)family@im.partych.at ကို အက်လိုက်ပါ ဒို့ညီအစ်ကိုမောင်နှစ်မတွေအားလုံး ရင်းနှီးပွင့်လင်းစွာ တိုင်တိုင်ပင်ပင်နဲ့အာစရိယပူဇော်ကန်တော့ပွဲကို ပြီးမြောက်အောင်မြင်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့.... ။
Wednesday, October 31, 2012
လက်ကမ်းစာစောင်လေးနှင့် ဒီတစ်ပတ်အစည်းအဝေးကိုဖိတ်ကြားလိုက်ပါတယ်
လက်ကမ်းစာစောင်လေးကိုပါ တင်ပေးလိုက်ပါတယ် ။ အပတ်စဉ်အစည်းအဝေးအား တနင်္ဂနွေနေ့ အစား စနေနေ့သို့ ပြောင်းရွှေ့ထားပါတယ် ။ (၂၈-၁၀-၂၀၁၂) ရက်နေ့ အစည်းအဝေးအထိ အမှုဆောင်ကော်မတီအဖွဲ့ဝင် လူကြီးများမှ မတည်အလှူငွေ စုစုပေါင်း (၁၆)သိန်းခွဲ တိတိ အား ကောက်ခံရရှိပြီးဖြစ်ပါသည်။ အချိန်လဲ တစ်ဖြေးဖြေး နီးကပ်လာပြီ ဖြစ်သဖြင့် အထက(၅)ကျောင်းသား/ကျောင်းသူဟောင်းများ ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
အာစရိယပူဇော်ကန်တော့ပွဲ အမှတ်တံဆိပ် နှင့် အဓိပ္ပါယ်ရှင်းလင်းချက်
အထက(၅)ကျောင်းသူ/ကျောင်းသားဟောင်းများ၏ ပထမဆုံးအကြိမ် အာစရိယပူဇော်ကန်တော့ပွဲ အမှတ်တံဆိပ်လေးကို ဆရာမင်းသစ်ကြည် (၁၉၉၅) မှ ရေးဆွဲပေးခဲ့ပါသည်။ (၁) ဖယောင်းတိုင်သည် ဆရာ/ဆရာမများ ပေးခဲ့သော ပညာအလင်းရောင် ။ (၂) ဖယောင်းတိုင်ကိုဝန်းရံသော အ၀ိုင်းသည် ပညာခေတ် ။ (၃) ချယ်ရီပန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားပြုပြီး အောက်ခံအစိမ်းရောင်သည် ငြိမ်းချမ်းခြင်း ၊ အေးချမ်းခြင်းကို ကိုယ်စားပြုပါသည်။ (၄) ပတ်လည်တွင်ဝန်းရံထားသော လက်အုပ်ချီနေသည့် ပုံများသည် ကျောင်းသား/သူဟောင်းများအားလုံး ညီညီညာညာ တစ်စိတ်တစ်ဝမ်းတည်း ဆရာသမားများကို ပူဇော်ကန်တော့သော အဓိပ္ပါယ်ကို ဖော်ဆောင်ပါသည်။
(၂၈-၁၀-၂၀၁၂)ရက်နေ့အထိ အလှူငွေရရှိမှု
ကိုနိုင်နိုင်ထွန်း + မချောချောလှိုင် (၁၀)သိန်း ၊ ဦးစောလှိုင် + ဒေါ်နန်းကောင်တစ် (၃)သိန်း နှင့် အမှုဆောင်ကော်မတီဝင်များမှ (၃)သိန်းခွဲ စုစုပေါင်း (၁၆)သိန်းခွဲ တိတိ ကောက်ခံရရှိပြီးဖြစ်ပါသည်။ (၅-၁၁-၂၀၁၂)ရက်နေ့တွင် အလှူငွေဖြတ်ပိုင်းစာအုပ်များပြုလုပ်ပြီးစီးမည်ဖြစ်ပါသည်။
Sunday, October 28, 2012
ဖြိုးသက်ရဲ့ရိုက်ချက်
၂၀၀၅ ထွက် ကျောင်းသူလေး မဖြိုးသက်ရဲ့ ဓါတ်ပုံရိုက်ချက်လေးပါ။ ဓါတ်ပုံဝါသနာပါသူများ ၊ ယူသုံးလိုသူများ ၊ ဝေဖန်လေကန်လိုသူများအတွက် တင်ပေးလိုက်ပါတယ် .....။
Wednesday, October 17, 2012
Bank Account
တောင်ကြီးမြို့၊ အ.ထ.က(5)ကျောင်းသားကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ကန်တော့ပွဲသို့ အလှူငွေ ထည့်ဝင်လှူနိုင်ရန်အတွက် အောက်ပါ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင်ပါတယ်။  
အထက(၅)ညီအစ်ကို မောင်နှစ်မ အားလုံးသို့ ....
Monday, October 15, 2012
တောင်ကြီးမြို့ အ.ထ.က(၅)ကျောင်းသားကျောင်းသူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ကန်တော့ပွဲ” ဖြစ်မြောက်ရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်)
နေ့ရက် - (၁၄-၁၀-၂၀၁၂)တနင်္ဂနွေနေ့
အချိန် - နေ့လည် (၁)နာရီမှ (၃း၁၅)အထိ
နေရာ - စိန်မြင်းမိုရ် ခန်းမ၊ အ.ထ.က(၅)တောင်ကြီး
        “တောင်ကြီးမြို့အ.ထ.က(၅)ကျောင်းသားကျောင်းသူဟောင်းများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲ”ဖြစ်မြောက်ရေးဆွးနွေးပွဲ(ဒုတိယအကြိမ်)ကိုတောင်ကြီးမြို့၊အ.ထ.က(၅)ကျောင်းရှိစိန်မြင်းမိုရ်ခန်းမတွင် နေ့လည်(၁)နာရီတွင် စတင် ကျင်းပခဲ့သည်။
        ပထမဦးစွာ ပြန်/ဆက်မှူး ဦးသန်းနိုင်မှ ယနေ့ ဆွေးနွေးမည့် အကြောင်းအရာ ခေါင်းစဉ်များကို တင်ပြပြီး အခမ်းအနားကို ဖွင့်လှစ်လိုက်သည်။
        ဥက္ကဋ္ဌမှ ယခင်ဆွေးနွေးပွဲ၏ ဆွေးနွေးလက်စဖြစ်သော ဘောက်ချာရိုက်နှိပ်ရန် နမူနာပုံစံ၊ လက်ကမ်းစာစောင်အတွက် နမူနာပုံစံများကို ကျောင်းသားဟောင်းများမှ ဒီဇိုင်းဆွဲယူလာခြင်း ရှိမရှိ မေးမြန်းခဲ့ပါသည်။
        ထို့နောက် ရုံးပိုင်းဆိုင်ရာ အထွေထွေများ စိစစ်ပေးနိုင်ရန် လိုအပ်သောကြောင့် ရုံးအဖွဲ့ကို ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ ၄င်းရုံးအဖွဲ့မှ ပွဲဖြစ်မြောက်ရေးအတွက် အဖွဲ့တိုင်းမှ လုပ်ဆောင်သော ကိစ္စရပ်များ၊ အထွေထွေ ကုန်ကျစရိတ်များအားလုံးကို ငွေတစ်ကျပ်မှစ မှတ်တမ်းတင်ထားနိုင်ရန်နှင့် အာစရိယကန်တော့ပွဲ ကျင်းပသည့်နေ့ရက်တွင် ငွေစာရင်း ရှင်းတမ်း တစ်ခါတည်း ထုတ်ပေးနိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
`၄င်းအာစရိယကန်တော့ပွဲစာရင်းရှင်းတမ်းနောက်မှ ထပ်ဝင်လာသော လှူဒါန်းငွေ စာရင်းများကိုလည်း နောက်ဆက်တွဲစာရင်းရှင်းတမ်း အနေဖြင့် အွန်လိုင်းမှ ကြေငြာသွား မည်ဖြစ်ကြောင်းနှင့် ရုံးအဖွဲ့တွင်ပါဝင်ပေးရန် လူငယ်များကို ဖိတ်ခေါ်ခဲ့ပါသည်။  
(၁) ဒေါ်တင်တင်အေး     (၁၉     )
(၂) ကိုဇော်ထွန်းအောင်   (၁၉၉၈)
(၃) မထက်ထက်ခိုင်       (၂၀၀၀)
(၄) မချစ်စုငယ်             (၂၀၀၀)
(၅)မနှင်းနဒီလင်း           (၂၀    )
(၆) စိုးမိုးကောင်းမြတ်     (၂၀၁၀)
(၇)မသူသူမြတ်မွန်ဟိန်း  (၂၁၁၂) တို့မှ  ၄င်းတို့၏ သဘောဆန္ဒဖြင့် တာဝန်ယူ ခဲ့ကြပါသည်။
        ဥက္ကဋ္ဌကြီးမှ ရုံးအဖွဲ့ဝင်စာရင်းများကို ဖတ်ကြားအတည်ပြုပေးပြီး အခြားသော ဆပ်ကော်မတီများတွင်လည်း လူငယ်အင်အား လိုအပ်နေပါသဖြင့် ပါဝင်ပေးပါရန် ဖိတ်ခေါ်ခဲ့ပါသည်။
        ထို့နောက် အလှူငွေများ လှူဒါန်းနိုင်ရန် ဘဏ်အကောင့်ဖြစ်သော - ၀၀၁၁၂၂၀၀၃၈၀၆၅ ကမ္ဘောဇဘဏ်(တောင်ကြီး)အား ဖတ်ကြား ကြေငြာပေးခဲ့ပါသည်။
ဆက်လက်ပြီး ပြန်/ဆက် ဦးသန်းနိုင်မှ တင်ပြပေးပါရန် ပြောကြားခဲ့သည်။
        ဦးသန်းနိုင်မှ ပွဲအတွက် လူငယ်များ၏ စဉ်းစားထားသော၊ ဆွဲထားသော နမူနာ ဒီဇိုင်းများ ရှိမရှိ၊ ရှိပါက တင်ပြပေးကြရန်နှင့် ဒီဇိုင်းရမှာသာ ကျန်လုပ်ငန်းများ ဆက်လုပ်နိုင် မည်ဖြစ်ကြောင်း ပြောကြားပါသည်။
        အစည်းအဝေးတက်ရောက်လာသူ ကျောင်းသားဟောင်းများမှ စဉ်းစားထားသော၊ ဆွဲထားသော နမူနာဒီဇိုင်းမရှိသဖြင့် ဦးသန်းနိုင် ပြန်/ဆက်အဖွဲ့မှ စဉ်းစားထားသော
ခေါင်းစီးစာတမ်းနှစ်ခုအား ဖတ်ကြားပြီး တက်ရောက်လာသူများမှ အကြံပြု ဆွေးနွေးခဲ့ကြ သည်။
        တက်ရောက်လာသူများမှ အဆိုပြုခေါင်းစီးစာတမ်း(၁၉)ခုကို တင်သွင်းခဲ့ပြီး ၄င်းအဆိုပြုလွှာများမှ ဇကာတင် (၁)ခုကို ရွေးချယ်ခဲ့ပါသည်။
        “တောင်ကြီးမြို့ အ.ထ.က(၅)ကျောင်းသားကျောင်းသူဟောင်းများ၏ ပထမကြိမ် အာစရိယပူဇော်ကန်တော့ပွဲ” အမည်အား အစည်းအဝေး တက်ရောက်လာသူအားလုံး၏ ဆန္ဒဖြင့် ရွေးချယ်ခဲ့ပါသည်။
        ဦးစိုင်းသိန်းထွန်းမှ ကျောင်း၏ ရာဇ၀င်အကျဉ်းကို တင်ပြခဲ့ပြီး အ.ထ.က(၅)ကျောင်း ဟူသောကြောင့် အ.ထ.က(၅)ကျောင်း၏ အစဖြစ်သော (၁၉၇၈)ခုနှစ်မှ စ၊ ဆရာဆရာမ များအားလုံးနှင့် ကျောင်းသားကျောင်းသူများ ပါဝင်စေရေးကို တင်ပြဆွေးနွေး ပါသည်။
        ထို့နောက် ကျောင်း၏ အမှတ်တံဆိပ်(logo) နမူနာပုံစံ နှစ်ခုအား  မဲပေးစနစ်ဖြင့် ရွေးချယ်သတ်မှတ်ခဲ့ပါသည်။ မဲဆန္ဒအရ ရွေးချယ်ခဲ့သော ကျောင်း၏အမှတ်တံဆိပ်အား
ဦးခင်မောင်ချို မှ ပါဝင်သော သင်္ကေတအဓိကသတ်မှတ်ချက်များကို ရှင်းပြခဲ့သည်။
        လက်အုပ်ချီနေပုံသည် ဆရာကန်တော့ပွဲ၊ ဖယောင်းတိုင်သည် ဆရာဆရာမများ ပေးခဲ့သော ပညာအလင်းရောင် ၊ဖယောင်းတိုင်ကို ၀န်းရံသော အ၀ိုင်းသည် ပညာ့ခေတ်၊
ချယ်ရီပန်းသည် ရှမ်းပြည်ကို ကိုယ်စားပြုပြီး၊ အောက်ခံအစိမ်းရောင်သည်  ငြိမ်းချမ်းခြင်း အေးချမ်းခြင်းကို ကိုယ်စားပြုပြီး၊ ပတ်လည်တွင် ၀န်းရံထားသော လက်အုပ်ချီပုံများသည် ကျောင်းသားကျောင်းသူဟောင်းများအားလုံး ညီညီညာညာ တစ်စိတ်တစ်ဝမ်းတည်း ဆရာသမားများကို ပူဇော်ကန်တော့သောအဓိပ္ပါယ်ကို ဖော်ဆောင်ခြင်းဖြစ်ပြီး။
၎င်းကျောင်း၏ အမှတ်တံဆိပ်ကို  ဆရာမင်းသစ်ကြည်(၁၉၉၅)မှ ဆွဲပေးခဲ့ကြောင်း ကြေငြာခဲ့ပါသည်။
        ဗွီနိုင်းချိတ်ရန် နေရာများကိုလည်း  အ.ထ.က(၅)ကျောင်းထောင့်တွင် နှစ်ချပ်၊ လူစည်ကားရာနေရာ ဥပမာ-ဈေးအနီးတွင် (၁)ချပ် အသီးသီးချိတ်မည်ဟု အကြမ်းဖျင်း ဆုံးဖြတ်ခဲ့သည်။
        ဆက်လက်ပြီး ဦးသန်းနိုင်မှ ဗွီနိုင်းတွင် ထည့်ရန် အချက်အလက်များနှင့်တကွ ဖုန်းနံပတ် မည်မျှနှင့် ထည့်မည်ကို တက်ရောက်လာသော ကျောင်းသားကျောင်းသူဟောင်း များနှင့် ဆွေးနွေးခဲ့ပါသည်။
        အများဆန္ဒဖြင့်
(၁)ဦးသန်းနိုင်       (၁၉၈၈)နမ့်ခုံးမီဒီယာ      ဖုန်း   ၀၈၁-၂၁၄၉၁
(၂)ဦးခင်မောင်ချို  (၁၉၈၈)                      ဖုန်း   ၀၉-၄၅၈၀-၄၀၂၁၅
(၃) ဒေါ်နှင်းယုခိုင်  (၁၉၉၄)                      ဖုန်း   ၀၉-၈၃၅၀-၂၅၀
(၄)ဦးမင်းမင်းထွန်း (၁၉၉၄)                      ဖုန်း   ၀၉-၅၀၁၅-၈၄၉
(၅)ဦးစိုးငြိမ်းကို     (၁၉၉၅)                      ဖုန်း   ၀၉-၅၂၁၅-၄၂၂
(၆)ဦးစ၀်ကျော်ဇေယျ(၁၉၉၆)                   ဖုန်း   ၀၉-၄၅၈၀-၄၁၀၇၄
(၇)ဦးနိုင်နိုင်ထွန်း   (၁၉၉၉)                     ဖုန်း   ၀၉-၈၃၅၁-၆၈၆
(၈)ဦးခွန်ညွန့်ဝင်း   (       )                      ဖုန်း   ၀၉-၅၂၁၄-၅၉၆
(၉)မစောဝင်း       (၁၉၉၅)                      ဖုန်း   ၀၉-၄၉၂၅-၅၂၂၆
(၁၀)ဦးခွန်စံလွင်   (၁၉၉၇)                      ဖုန်း   ၀၉-၄၉၅၉-၀၉၂၉
(၁၁)မထက်ထက်ခိုင်(၂၀၀၀)                   ဖုန်း   ၀၉-၄၃၁၈-၃၁၅၀
(၁၂)ကိုဟယ်ရီဆွေမြင့်(၂၀၀၄)                 ဖုန်း   ၀၉-၄၉၃၅-၃၉၅၆
(၁၃)ခွန်ဇော်လင်းထက်(၂၀၁၁)                 ဖုန်း   ၀၉-၄၁၀၀-၈၈၁၆
(၁၄)ကိုမင်းအောင်ပိုင်စိုး(၂၀၁၂)                ဖုန်း   ၀၉-၄၂၈၃-၁၁၉၃၁
        ထို့နောက် အွန်လိုင်းတွင် အာစရိယပူဇော်ကန်တော့ပွဲနှင့် သက်ဆိုင်သော အချက်အလက်များ သိရှိစေရန် behs5taunggyi.blogspot.comကြေငြာသွားမည်ဖြစ်ပြီး ၄င်းဆိုဒ်တွင် ဖော်ပြထားသောသတင်း အချက်အလက်များ ကသာ ကော်မတီ၏ သတင်းအတည် အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။
        မဖြိုးဖြိုးသက်မှ နဂိုfacebookတွင် ဖော်ပြခဲ့သည်ကိုလည်း ဆက်လက် ထည့်သင့် မထည့်သင့် စဥ်းစားပေးပါရန်နှင့် ယခုလူသိနည်းနေသော behs5taunggyi.blogspot.com ဆိုဒ်အား ပြန့်ပွားရန် သတင်းဖြန့်ပေးပါရန် တင်ပြခဲ့သည်။
        မထက်ထက်ခိုင်မှ ဆက်လက်ပြီး နဂိုfacebook account(၂)ခုသည် လူသိများနေပြီ ဖြစ်ပြီး ၄င်းဆိုဒ်နှစ်ခုတွင်မှာပါ ထည့်ပေးပါရန်နှင့် ၄င်းဆိုဒ်အား မဖျက်ပစ်ပါရန် တင်ပြခဲ့သည်။
        ဥက္ကဋ္ဌနှင့်တကွ အစည်းအဝေးတက်ရောက်လာသူအားလုံးမှ ၄င်းဆိုဒ်များတွင်ပါ သတင်းထည့်သွင်းပေးမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။
        ဦးသန်းနိုင်မှ မီဒီယာကဏ္ဍတွင် ကြေငြာရန်လည်း တင်ပြဆွေးနွေးခဲ့ပါသည်။
        မယဉ်ယဉ်လှိုင်မှ ချယ်ရီFMတွင် တစ်ပတ်တစ်ခါ ထည့်သွင်းရန် အကြံပြုခဲ့ပြီး ၄င်းကြေငြာရန် ကိစ္စအား နောက်အပတ်ဆွေးနွေးမှသာ ပြန်ဆွေးနွေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။.
        ဥက္ကဋ္ဌမှ အာစရိယပူဇော်ကန်တော့ပွဲအတွက် သီချင်း(၃)ပုဒ်ခန့်နှင့် ကဗျာများ လိုအပ်ကြောင်း ဆွေးနွေးခဲ့ရာ သီချင်းအတွက် (၁)အာကာဇင်ဝင်း (၂)ခွန်ဇော်လင်းထက်(၃)မြတ်သူအောင် (၄)ခွန်သူရအောင် ပါဝင်သော (၂၀၁၁)ကျောင်းသားဟောင်းလေးများက သီချင်းတစ်ပုဒ် တင်သွင်းမ ည်ဖြစ်ကြောင်း တင်ပြလာပါသည်။
        ကဗျာတောင်းခံရရှိမှု များလာပါက ကဗျာစာအုပ်ထုတ်ဝေပေးရန်ပါ စီစဉ်ထားကြာင်း ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။
        ဆက်လက်ပြီး ဦးသန်းနိုင်မှ ဓါတ်ပုံပြခန်းအတွက် မိမိတို့၏ ကျောင်းဓါတ်ပုံများကို လာရောက်ပေးပို့ စေလိုပါကြောင်း၊ ၄င်းပေးပို့သော ပုံများအား ပွဲပြီးသည့်အခါ ပိုင်ရှင်ထံ စနစ်တကျပြန်လည်အပ်နှံပေးမည်ဖြစ်ကြောင်း၊ ကျောင်းအမှတ်တရများ စုစည်းပြီး ဝေေ၀ဆာဆာ ဖြင့် ဓါတ်ပုံပြခန်း လုပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ပြန်/ဆက်ကော်မတီတွင် လူငယ်အင်အား နည်းနေသဖြင့် လူငယ်များ လာရောက်လက်တွဲပေးပါရန် တင်ပြခဲ့သည်။
        ထို့နောက် ဦးခင်မောင်ချိုမှ ယခုမိမိတို့ဖွဲ့စည်းထားကော်မတီဆိုသည်မှာ ယာယီသာ ဖြစ်ပြီး အာစရိယပူဇော်ပွဲ ဖြစ်မြောက်လာစေရန်ဆိုမူ နောက်ထပ်ကော်မတီ(၉)ခု လိုအပ်သေးကြောင်း၊ ကော်မတီ(၁)ခုတွင် လူ(၁၀)ဦးအနည်းဆုံး လိုအပ်သောကြောင့် အဖွဲ့ဝင်များလာရန် ကမ်းလှမ်းနှိုးဆော်ပေးကြပါရန်၊ လူကြီးလူငယ်လက်တွဲမှသာ ပြီးပြည့်စုံ သော လုပ်ငန်းဖြစ်လာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
        ဥက္ကကြီးမှမိမိတို့သည်ဦးတည်ချက်ပန်းတိုင်(၁)ခုတည်းသို့သာ လျှောက်လမ်းနေခြင်း ဖြစ်ပြီး၊ အားလုံး၏ ရည်မှန်းချက်သည် ဆရာဆရာမများအား သိုက်သိုက်ဝန်းဝန်း ကန်တော့နိုင်ရေးဖြစ်ကြောင်း၊ မိမိတို့၏ စိတ်ကူးစိတ်သန်း ဖြစ်လိုရာများ ကို အစည်းအဝေးတွင် တက်ရောက်ပြီး ပွင့်လင်းစွာဖြင့် လာရောက်ဆွေးနွေးနိုင်ကြား ပြောကြားခဲ့သည်။
        မထက်ထက်ခိုင်မှ  အလှူခံဖြတ်ပိုင်း ဘောက်ချာဘယ်နေ့တွင် ရမည်နည်းဟု ဆွေးနွေးခဲ့ရာ နောက်တစ်ပတ်တွင် နမူနာနှင့်တကွ အားလုံးရွေးချယ်ကြမည်ဟု ဆုံးဖြတ်ခဲ့ သည်။
        ဥက္ကဋ္ဌကြီးမှ နောက်ထပ်တင်ပြလိုသည်များ ရှိပါက ဆက်လက်တင်ပြရန် ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများမှလည်းနောက်ထပ်တင်ပြရန်မကျန်ရှိတော့သည့်အတွက်အစည်းအဝေးအားညနေ(၃း၁၅) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။
အစည်းအဝေးမှတ်တမ်းတင်သူ
၁။ Dr.ချယ်ရီမေခြူး(၂၀၀၅)
၂။ မဖြိုးဖြိုးသက် (၂၀၀၅)
Friday, October 12, 2012
Facebook ပေါ်မှ ဖတ်ခဲ့ရသော Post နှစ်ခု နှင့် အစည်းအဝေးဖိတ်ကြားခြင်း
အာစရိယပူဇော်ပွဲအတွက်အစည်းဝေးလုပ်မယ်ကြားလို့နီးစပ်ရာသူငယ်ချင်းတွေစုပြီး။ အလုပ်တွေကိုယ်စီနဲ့မအားလပ်တဲ့ကြားကသူငယ်ချင်းတွေစုပီးလာခဲ့ပါတယ်။တို့တွေဘယ်လိုများကူညီလုပ်ကိုင်ပေးရမလဲဆိုတဲ့တာဝန်သိစိတ်ကိုယ်စီနဲ့ပါ။   ပျော်လည်းပျော်မိပါတယ်။အစည်းအဝေးကတစ်နာရီဆိုပေမဲ့မြန်မာထုံးစံအတိုင်းတစ်နာရီခွဲကျော်မှစဖြစ်ပါတယ်။   ပထမဆုံးဆရာမဒေါ်နွဲ့နွဲ့အေးမှ အမှာစကားပြောပါတယ်။ပြီးနောက်ကော်မတီအသီးသီးမှာပါတဲ့လူနာမည်တွေကိုဖတ်ကြားပါတယ်။   ပြီးနောက်ပြန်လည်ထွက်ခွာသွားပါတယ်။ဖတ်ကြားသွားတဲ့အထဲမှာအစည်းအဝေးကိုတက်ရောက်ခြင်းမရှိတဲ့၊   ဘယ်ရောက်နေမှန်းမသိတဲ့သူတွေတော်တော်ပါနေတာကိုတွေ့ရပါတယ်။အဲဒီလူတွေကိုတာဝန်ပေးမယ်ဆိုဘာဖြစ်လို့အခြားသူတွေကိုခေါ်နေသေးလည်း။    ဒီရွေးချယ်တဲ့အလုပ်တွေကိုဆ၇ာမသဘောနဲ့လုပ်လို့မရပါဘူး။ ဘောင်ကျော်နေတယ်ထင်ပါတယ်။    ကျောင်းသားတွေကသူတို့ဘာသာသူတို့အများသဘောနဲ့ရွေးချယ်၇မဲ့ဟာတွေပါ။ဒီနေ့ကော်မတီဖွဲ့ထားတာတွေကြည့်လိုက်တော့လည်းတစ်ချို့ကော်မတီတွေမှာစီနီယာအငယ်တွေကအထက်ရောက်နေပြီး။အကြီးတွေကအောက်မှာရောက်နေပါတယ်။    ကြည့်ရတာသူကတော့ဘာကြီးမိုလို့။    ညာကြီးမိုလို့အထက်မှာထားတယ်ထင်တာပဲ။ဘယ်ကျောင်းမှာမှမရှိပါဘူး။    အငယ်ကခိုင်းတာကိုအကြီးတွေကလိုက်လုပ်ရမဲ့ပုံစံတွေပါပဲ။အဲဒီနေ့ကအစည်းဝေးကိုလာတယ်ဆိုကထည်းကစိတ်ဝင်စားလို့လာကြတာပါ။    လုပ်လိုက်တဲ့ပုံစံကအများစုကိုစိတ်ဆိုး၊၀မ်းနည်း၊ဒေါသထွက်စေပါတယ်။အဲဒီလိုအလုပ်ကောင်းလို့တစ်ချို့ကျောင်းတွေမှာလုပ်ကူကိုင်ကူမဲ့သူနည်းပြီး စတိတ်ကျောင်းကကလေးတွေကိုအကူအညီတောင်းရတဲ့အဖြစ်မျိုးတွေကိုနမူနာယူကြည့်ပါ။တစ်ကယ်မလုပ်နိုင်တဲ့နာမည်ခံတွေအများကြီးပါနေတာကိုတွေ့ရပါတယ်။    ဒီကိစ္စဟာဂုဏ်တုဂုဏ်ပြိုင်လုပ်ရမဲ့နေရာမဟုတ်ပါဘူး။ထည့်ချင်ရင်လည်းနောက်မှထပ်ပေါင်းထည့်လို့ရပါတယ်။    ဘယ်သူဘာလုပ်နိုင်တယ်ဆိုတာကျောင်းသားအချင်းချင်းပဲသိပါတယ်။ဆရာမအရေးမဟုတ်ပါဘူး။ ဒီလိုလုပ်လိုက်တော့နောက်ဘယ်သူကထပ်လာမှာလည်း၊အလှူငွေထည့်ပေးလိုက်ရုံပေါ့။   ခေတ်လည်းပြောင်းနေပါပြီ။အကျင့်တွေလည်းပြင်သင့်ပါပြီ။ ရင်ဖွင့်လိုက်ရလို့တော်တော်လေးပေါ့သွားပါပြီ။  နောက်လည်းအားမနာတမ်းရေးအုံးမှာပါ။
အားလုံး မင်္ဂလာပါရှင့်။ ဒီ ဆရာကန်တော့ပွဲလေးကို အားလုံးက စိတ်ဝင်တစားနဲ့ ဂရုစိုက်ပေးနေကြလို့ အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်ရှင်။ အခုလာမည့် တနင်္ဂနွေနေ့ အစည်းအဝေးလေး ကို အားလုံး တက်ရောက်ပေးပါလို့ ဖိတ်ပါတယ်ရှင်။ မိမိ စဉ်းစားထားသော အတွေးများရှိရင် လည်းဝင်ရောက်ဆွေးနွေးပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ အားလုံးသည် တစ်ကျောင်းတည်း ထွက် မောင်နှမသားချင်းတွေပါ။ အားလုံးရဲ့ ရည်ရွယ်ချက်သည် အာစရိယပူဇော်ပွဲလေး စည်စည်ကားကားနဲ့ ဖြစ်ပေါ်လာဖို့ပါ။ အဝေးကနေ လူစုပေးနေတဲ့ အစ်ကိုတွေ အစ်မတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီကနေ အဖွဲ့လေးတွေစုတော့ (7-10-2012)ရက်နေ့မှာ အစည်းအဝေးတက်ရောက် သူ အယောက်(100)ကျော်ပါတယ်။ ကျွန်မတို့ အတိုင်းထက် မသိ ပျော်ရပါတယ်။ ကျွန်မတို့ နေ့နေ့ညည အလုပ်ပျက်ခံ၊ ထမင်းမေ့ဟင်းမေ့ လူတွေ လိုက်စုခဲ့ရတာပါ။ လမ်းမှာ တွေ့သမျှ ကိုယ်မြင်ဖူးသယောင်ရှိရင် အစ်မ၊ အစ်ကိုက အ.ထ.က(5)ကလား လိုက်မေးရတာ။ တစ်ခါ တစ်လေ ကျောင်းကလူ မဟုတ်ဘူး။ ရှက်တော့ ရှက်တာပေါ့ မသိတဲ့သူတွေကို လိုက်မေးနေရတာ။ ကိုးတန်းတုန်းက စိတ်ကောက်ပြီး မခေါ်တော့တဲ့ သူငယ်ချင်းကိုတောင် အခု 8နှစ်ကျော်မှ ကိုယ်က စခေါ်ရတဲ့ အဖြစ်မျိုးတွေ။
အားလုံးလည်း ဒီလိုမျိုး ကိုယ်တွေ့ ရာရာ လူတွေကို လိုက်စုနေကြတယ်ဆိုတာ ကျေးဇူးတင်လွန်း လို့ ဘယ်လို ပြောရမှန်းကို မသိဘူး။ လာမည့် 14-10-2012 ရက်နေ့ လေးမှာ အားလုံး အစည်းအဝေး တက်ပေးကြပါ။ ကျောင်းအတွက် ကိုယ်စဉ်းစားထားပေးတာကို အစည်းအဝေးမှာ ပြောပေးနိုပ်ပါတယ်လို့ ပန်ကြားအပ်ပါတယ်ရှင်။ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
Blog Admin အနေနဲ့ ရန်တိုက်ပေးခြင်းမဟုတ်ပါ ။  အလုပ်တစ်ခုကို အတူတူလုပ်ကြရင်း မတူညီကြတဲ့ အမြင်ကို ဖော်ပြလိုခြင်းဖြစ်ပါတယ်။ 
(၁၄-၁၀-၂၀၁၂)ရက် ၊ တနင်္ဂနွေ့နေ့ အပတ်စဉ်အစည်းအဝေးသို့ တက်ရောက်ပေးပါရန် အားလုံးကိုဖိတ်ကြားအပ်ပါသည်။
Wednesday, October 10, 2012
မြတ်ဆရာ
ပန်းပျိုးလက်ပိုင်ရှင်
ပမာသွင်ဥယျာဉ်မှူး။
ဝါသနာအရင်းခံလို့
မခြွင်းချန် ပန်းစုံပွင့်ရမယ်
မော်ဝင့်စိတ်ကူး။
ပန်းပျိုးလက်ပိုင်ရှင်
ပမာသွင် ဥယျာဉ်မှူး။
စေတနာမှန်စွာနှင့်
ခြွေသဒ္ဓါလျှံဖြာ ပန်းဂုဏ်တင့်ဖို့ကွယ်
မျှော်လင့်ရည်စူး။
ပန်းပျိုးလက်ပိုင်ရှင်
ပမာသွင် ဥယျာဉ်မှူး။
အနစ်နာခံကာ
ချစ်စရာဟန် ပန်းဂုဏ်မြင့်စေရွယ်လို့
မျှော်လင့်ကြည်နူး။    ။
                                                  မယု(ပညာရေး)
               (၈-၁၀-၂၀၁၂)ထုတ်မြ၀တီသတင်းစာမှ -
Tuesday, October 9, 2012
အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဖွဲ့စည်းပုံ
၂၀၁၂ ခုနှစ် ၊ အောက်တိုဘာလ(၇)ရက် ၊ တနင်္ဂနွေနေ့ ၊ နေ့လည်(၁)နာရီတွင် တောင်ကြီးမြို့ ၊ အထက(၅) စိန်မြင့်မိုရ်ခန်းမတွင် ဆရာ၊ဆရာမကြီးများနှင့် ကျောင်းသား/သူဟောင်းများတွေ့ဆုံ၍ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ပဏမအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အာစရိယပူဇော်ပွဲအား (၃၀-၃-၂၀၁၃)ရက် ၊ စနေနေ့တွင် ကျင်းပပြုလုပ်မည်ဟု အများသဘောတူညီချက်ဖြင့် ဆုံးဖြတ်ခဲ့ပြီး အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက်  အောက်ပါအတိုင်း အဖွဲ့များဖွဲ့စည်းထားရှိပါသည် -
နာယကများ
၁။   ဆရာကြီး ဦးစိန်ထွန်း
၂။   ဆရာမကြီး ဒေါ်တင်ညွှန့်
၃။   ဆရာ ဦးစိုင်းခမ်းစိန်
၎။   ဆရာမ ဒေါ်ဗစ်တိုးရီးယားဘွန်း
၅။   ဆရာမ ဒေါ်နန်းစောညွှန့်
၆။  ဆရာမ ဒေါ်ခင်အုန်းလှိုင်
၇။  ဆရာမ ဒေါ်ခင်နွဲ့ရီ